Graphic Design လေ့လာနေတဲ့ ညီငယ် ညီမငယ်တို့ သိစေဖို့ (၁)
တစ်ခါတုန်းက ကျနော့်ကို BBC က သူတို့ Program အတွက် Logo အပ်ဖို့ ခေါ်ပါတယ်။ သိတဲ့အတိုင်း BBC ဆိုတာ တကယ့် ကမ္ဘာကျော် လုပ်ငန်းကြီး တစ်ခု မဟုတ်လားဗျ။ ကျနော်လည်း English လို ပြောဖို့ရော၊ Portfolio & Presentation တွေပါ ပြင်ဆင်ရတာပေါ့။ အဝတ်အစားကတော့ ကျနော်က Casual ပုံစံပဲ ဝတ်တတ်စားတတ်တော့ ဒီလိုပဲ ဝတ်စားတာပေါ့။ ဒီနေရာမှာ BBCက အလုပ်လုပ်တဲ့ ပုံစံကို ဗဟုသုတ အဖြစ် ပြောပြပါဦးမယ်။ သူတို့က Program တစ်ခုကို Logo အပ်ပြီဆို တစ်ဦးတည်း တစ်ဖွဲ့တည်းကို မအပ်ပါဘူး။ သူတို့ ကြိုက်နှစ်သက်တဲ့ Logo Design လုပ်ငန်းတွေကို selection လုပ်ပြီး အကုန်အပ်တာပါ။ အဲဒီ့ လုပ်ငန်းတွေက ပြတဲ့ Logo တွေကို ပြင်ဆင်သင့်တာ ပြင်ခိုင်းပါတယ်။ နောက်ဆုံး ထွက်လာတဲ့ Logo တွေကို သူတို့ ဝန်ထမ်းတွေရဲ့ Vote စနစ်နဲ့ ရွေးပါတယ်။ (ဒါပေမယ့် အပ်သမျှ လုပ်ငန်းကိုတော့ Logo ရွေးရွေး၊ မရွေးရွေး Design ခ အပြည့်ပေးပါတယ်နော်)BBC မှ မဟုတ်ပါဘူးနော်။ International ကုမ္ပဏီကြီးတွေ တော်တော်များများ အဲလိုပါပဲ။ ကျနော် သိသလောက်ပါ။ ကျနော်က Local က Corporate Level ကုမ္ပဏီကြီးအချို့၊ Medium Size Company Limited အချို့နဲ့ International Business အနည်းငယ်လောက်သာ သိပါတယ်။ပြောချင်တာက အဲလို International Business တွေက Logo ဆွဲပေးတဲ့ လုပ်ငန်း ၃ ခု ၄ ခု ကို Logo တွေဆွဲခိုင်းပြီဆိုရင် ကျနော် နဲ့ အမြဲလိုလို တွေ့ရတတ်တာက Joosk တို့ Yangon Bee တို့ နဲ့ တခြား Freelance Artist အချို့လည်း ပါပါတယ်။ ကျနော်ကတော့ Freelance အဖြစ် မဟုတ်ဘူးပေါ့နော်။ Yangon Pro Team နဲ့ Run ခဲ့တဲ့ အချိန်ပါ။အားလုံး ပြင်ဆင်ပြီးကြတဲ့ Logo တွေကို Vote စနစ်နဲ့ ရွေးကြပြီဆို တစ်ချို့ Project တွေမှာ ကျနော် Fail ပါတယ်။ 60% လောက်ထိ Fail ခဲ့တယ် ထင်တယ်။ Fail တဲ့ Project တွေကို ကြည့်လိုက်တိုင်းလည်း ပေါ့ပေါ့ပါးပါး လုပ်ရမယ့် Logo တွေကို ကျနော် မလုပ်နိုင်တာ များတယ်ဆိုတာ သွားတွေ့ရတယ်။ဟုတ်လည်း ဟုတ်တာပဲ။ တကယ် ပေါ့ပေါ့ပါးပါး စဉ်းစား၊ ခံစားရမယ့် Logo တွေကို ကျနော် မလုပ်တတ်ခဲ့ဘူး။ ကျနော်နဲ့ လိုက်ဖက်တာက အတည်၊ အခန့်တွေ၊ Trust ကို ပြရမယ့် Logo တွေ၊ Creative လုပ်တာချင်း အတူတူတောင် ကျနော့် Creative က ခမ်းနားကြီးကျယ်တဲ့ နေရာတွေ၊ ရိုးရိုးရှင်းရှင်းနဲ့ တည်ငြိမ်နေတဲ့ နေရာတွေမှာ ပိုတော်ပြီး ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် စဉ်းစားရမယ့် နေရာတွေမှာ တကယ် ညံ့တယ်ဆိုတာ သွားတွေ့ရတယ်။အော်.. ငါကလည်း အသက်ကြီးနေပြီကိုလို့ တွေးမိပါရဲ့။ အသက်အရွယ်အရရော ကျနော့် ဗီဇ စဉ်းစားပုံ၊ ဘဝ အတွေ့အကြုံတွေနဲ့ အကုန် ဆိုင်ပါလိမ့်မယ်။ အခု ကျနော့် ဘဝ Career က ကိုဗစ်ကြောင့်ရော၊ Political Effect တွေ အရပါ တစ်ခုခုတော့ ကွေ့ရတော့မယ် နားလည်လာတဲ့အခါ ကျနော် သိတဲ့ ပညာရပ် အချို့ကို ပြန် Sharing လုပ်ဖို့ လိုပြီ နားလည်လာပါတယ်။အဲလို လုပ်တဲ့အခါမှာလည်း Junior Generation ကို တတ်နိုင်သလောက် လေးစားမှုနဲ့ စကားပြန်ပြောရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ထက် ပိုတော်ချင် တော်နေနိုင်ပါတယ်။ တချို့နေရာတွေပေါ့နော်။ Designer ဆိုတာ ဒီလိုပါပဲ။ နေရာတိုင်း Style တိုင်းကို Perfect မလုပ်နိုင်ကြပါဘူး။ International Business တွေ အချို့မှာ ကျနော့် Logo ကို မရွေးသွားလို့လည်း ကျနော် စိတ်ဓာတ်မကျခဲ့ပါဘူး။ ငွေ အပြည့်ရလို့ မဟုတ်ဘူးနော်။ ကိုယ့်ကိုကိုယ် Analysis လုပ်ရင်း လူငယ်ဆန်အောင်၊ ပေါ့ပေါ့ပါးပါး စဉ်းစားတတ်အောင် ကိုယ့်လိုအပ်ချက်ကို ပြင်ရပါတယ်။ ပြင်ရပါမယ်။ဒီဇိုင်းဆိုတာ ကွက်တိကျဖို့ လိုပါတယ်။ဘာကွက်တိလည်း သိလား။ ခင်ဗျားနဲ့ ခင်ဗျားကို အပ်တဲ့ လုပ်ငန်းရှင်ရဲ့ Emotion ချင်း ကွက်တိကျဖို့ မဟုတ်ပါဘူး။ ခင်ဗျားကို အပ်တဲ့ လုပ်ငန်းရှင်နဲ့ ခင်ဗျား လုပ်ငန်းရှင်ကို အားပေးကြမယ့် Customer တွေရဲ့ စိတ်ခံစားမှုချင်းပါ။အဲလိုမှ မဟုတ်ရင် ကျနော်တို့ ဒီဇိုင်းတွေဟာ Emotional Connection တွေကို ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါကြောင်း ပြောကြားရင်း…(ပုံက ကျနော် လူငယ်ဆန်အောင် ကြိုးစားရမယ်ဆိုပြီး ဖလန်းဖလန်းထပြီး ဖန်တီးမိခဲ့တဲ့ ပုံပါ။)အရောင်တွေ အကြောင်းတုန်းကလို စာအုပ်တစ်အုပ်ဖြစ်အောင် အပိုင်းတွေ အများကြီး ရေးပါဦးမည်။
စည်သူမြင့်မောင်မောင်
Yangon Pro & Design Story