March 4, 2022

Graphic Design လေ့လာနေတဲ့ ညီတွေ ညီမတွေ သိစေဖို့ (၃)

အပိုင်း (၃) ကို ရောက်လို့လာပါပြီ။ ဒီအပိုင်းမှာ ပြောချင်တာကတော့ ကျနော်က Imagination အကြောင်းက စပြောချင်ပါတယ်။ လူငယ်တွေက Graphic Designer ဖြစ်ချင်ကြပါတယ်။ ဘာလို့လဲဆိုတော့ … တချို့က ဝါသနာပါတယ်လို့ ယုံကြည်ကြလို့ ဖြစ်ပြီး တချို့က ဝါသနာပါတယ်လို့ ထင်ကြလို့ ဖြစ်ပါတယ်။ နောက်တစ်ခါ အချို့ကတော့ Graphic Designer ဖြစ်ရင် ငွေရမယ် ထင်ကြလို့ပါ။ ဆိုတော့ အပိုင်း ၃ ခု ခွဲလို့ ရပါတယ်။အပိုင်း ၁နဲ့ ၂ က တူမယောင်နဲ့ ကွဲပါတယ်။ ဝါသနာပါတယ်လို့ ယုံကြည်တာနဲ့ ထင်တာနဲ့က…
Read More
February 22, 2022

အရောင်တွေ အကြောင်း E Book

Design Story နဲ့ Yangon Pro ရဲ့ Founder စည်သူမြင့်မောင်မောင် ရေးသားထားသော အရောင်တွေ အကြောင်း E Book စတင်ရောင်းချပေးပါမယ်။ (စာအုပ်မဟုတ်ပါ။ E Book ပါ) အရောင်တွေ အကြောင်းဆိုလို့ Graphic Designer တွေပဲ ဖတ်သင့်တဲ့ စာအုပ် မဟုတ်ပါ။ လူတိုင်း သိထားသင့်တာတွေ ပါပါတယ်။ (ဘာကြောင့် သိထားသင့်တာလဲ ဆိုတာ ဖတ်ကြည့်ရင် သိပါမယ်။) အရောင်တွေ အကြောင်းဆိုလို့ အက်ကြောင်းထပ်အောင် ရေးပြီးသားတွေ ဖြစ်တဲ့ ကာလာသီအိုရီတွေ၊ Primary Color, Secondary Color တွေပဲ…
Read More
February 22, 2022

Logo က သင့်ရဲ့ Brand လား

အကြိမ်ဖန်များစွာ ကြားဖူးတဲ့ စကားပါ။ လိုဂိုဟာ မင်းကုန်ပစ္စည်းရဲ့ Brand မဟုတ်ဘူးလို့ လူအချို့က ဆိုကြပါတယ်။ကျနော့်အနေနဲ့ ဒီစကားကို ရှင်းပြချင်ပါတယ်။Logo Design ဆိုတာ ဘာအတွက်လဲဆိုတဲ့ မေးခွန်းကို သင် လုပ်ငန်း၊ သင့်ဆိုင်၊ သင့်ကုမ္ပဏီအတွက် Logo မပြုလုပ်ခင် အရင် စဉ်းစားအဖြေထုတ်စေချင်ပါတယ်။ အချို့က Logo ကို ချစ်စရာကောင်းအောင် လုပ်ချင်ကြတယ်။ Logo ကို သင်အမြဲ ထိုင်ကြည့်နေမှာလား။ ဒါမှမဟုတ် သင့်ရဲ့ Client တွေက Logo ကို လှလွန်းလို့ဆိုပြီး သင့်ကို လာ အလုပ်အပ်မှာလား။Logo ကချစ်စရာလေးမလို့ဆိုပြီး သင်ပစ္စည်းကို ဝယ်သွားမှာ…
Read More
February 22, 2022

Graphic Design လေ့လာနေတဲ့ ညီငယ် ညီမငယ်တို့ သိစေဖို့ (၂)

ကျနော်တို့ ငယ်စဉ်က စာမေးပွဲဖြေခဲ့ဖူးတယ်မလား။ စာမေးပွဲမှာ အဖြေမှန်ရင် အမှန်ပဲ။ အဖြေမှားရင် အမှားပဲ။ အမှားနဲ့ အမှန် ဒီ နှစ်ခုပဲ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အသက်ရှင်နေရတဲ့ လောကကြီးမှာတော့ အမှား၊ အမှန် နှစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ကျနော်တို့ ရှင်သန်နေကြတဲ့ လောကကြီးမှာ ဒီဂရီ မတူတဲ့ အမှားတွေ ရှိသလို ဒီဂရီ မတူတဲ့ အမှန်တွေ ရှိပါတယ်။ဘာသာတရားနဲ့လည်း သက်ဆိုင်သလို လူပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်တာပေါ့။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာ တစ်ယောက်က အမဲလိုက်ပြီး သားကောင်ကို သတ်လိုက်ရင် သူတပါး အသက်ကို သတ်တဲ့…
Read More
February 22, 2022

မြန်မာမှု ကနုတ်တွေကို လိုဂို လုပ်လို့ ရသလား

ဒီအချက်ကို ကျနော် ခဏတိုင်းတွေးခဲ့ဖူးသလို ကနုတ်ကို Logo မှာ Apply လုပ်လို့ ရ၊ မရဆိုတာ ခဏတိုင်းလည်း ကြိုးစားခဲ့ဖူးပါတယ်။ မြန်မာမှု ကနုတ်ဆိုကတည်းက ဘယ်ခေတ်က ကနုတ်လဲ ဆိုတာ ပြန်မေးရပါလိမ့်မယ်။ တစ်ခေတ်တည်းမှာတင် ကနုတ်လက်ရာ ဟန်တွေ မတူတာ၊ ရောထွေး အသုံးချခဲ့တာတွေလည်း အများကြီး။ ပိုဆိုးတာက ထိုင်းက floral pattern တွေကို မြန်မာမှု ကနုတ်ဆိုပြီး လုပ်နေသူတွေလည်း မနည်းမနောပါပဲ။မြန်မာ၊ ဗမာ လို့ ဆိုလိုက်တာနဲ့ ကျနော်တို့ ယဉ်ကျေးမှုဟာ တရုတ်နဲ့ အိန္ဒိယနဲ့ ဘယ်တော့မှ မကင်းပါ။ သူတို့ဆီက ယဉ်ကျေးမှုတွေကို…
Read More
February 22, 2022

Graphic Design လေ့လာနေတဲ့ ညီငယ် ညီမငယ်တို့ သိစေဖို့ (၁)

တစ်ခါတုန်းက ကျနော့်ကို BBC က သူတို့ Program အတွက် Logo အပ်ဖို့ ခေါ်ပါတယ်။ သိတဲ့အတိုင်း BBC ဆိုတာ တကယ့် ကမ္ဘာကျော် လုပ်ငန်းကြီး တစ်ခု မဟုတ်လားဗျ။ ကျနော်လည်း English လို ပြောဖို့ရော၊ Portfolio & Presentation တွေပါ ပြင်ဆင်ရတာပေါ့။ အဝတ်အစားကတော့ ကျနော်က Casual ပုံစံပဲ ဝတ်တတ်စားတတ်တော့ ဒီလိုပဲ ဝတ်စားတာပေါ့။ ဒီနေရာမှာ BBCက အလုပ်လုပ်တဲ့ ပုံစံကို ဗဟုသုတ အဖြစ် ပြောပြပါဦးမယ်။ သူတို့က Program တစ်ခုကို Logo…
Read More
October 22, 2021

Criticism နဲ့ bullying ကို ကွဲပြားကြပါစေ

သိုင်းလောကမဟုတ်တဲ့ Design လောကအကြောင်း ပြောပါဦးမယ်။ Designer စလုပ်ခါစမှာ ဘယ်သူမှ မသိလောက်ဘူး ထင်ပြီး အင်တာနက်ပေါ်က Design တစ်ခုခုကို 100% နီးပါး မှီငြမ်းခဲ့ဖူးတဲ့ လူငယ်တွေ မနည်းလောက်ပါဘူး။လူဆိုတာ မှားတတ်တဲ့ အမျိုးပါပဲ။ ကျနော်လည်းမှားခဲ့ဖူးတယ်။ တစ်ခါလေးတောင် မဟုတ်ဘူး။ ခဏတိုင်း အမှားတွေ ကျူးလွန်ဖူးတယ်။ ဒါပေမယ့် ကျနော် ပြင်ဖို့ ကြိုးစားခဲ့တယ်။ ကျနော့်ကို ပြင်ဆင်ဖို့ အခွင့်အရေးပေးခဲ့သူတွေ ရှိနေလို့ ကျနော် ဒီနေ့ ဒီလို အောင်မြင်နိုင်တာ။ ဒါကြောင့် ကျနော်အလှည့်ကျလည်း Junior တိုင်းကို အခွင့်အရေး ပြန်ပေးရမယ် မဟုတ်ပါလား။ အင်တာနက်ပေါ်က…
Read More