Logo က သင့်ရဲ့ Brand လား
အကြိမ်ဖန်များစွာ ကြားဖူးတဲ့ စကားပါ။ လိုဂိုဟာ မင်းကုန်ပစ္စည်းရဲ့ Brand မဟုတ်ဘူးလို့ လူအချို့က ဆိုကြပါတယ်။
ကျနော့်အနေနဲ့ ဒီစကားကို ရှင်းပြချင်ပါတယ်။
Logo Design ဆိုတာ ဘာအတွက်လဲဆိုတဲ့ မေးခွန်းကို သင် လုပ်ငန်း၊ သင့်ဆိုင်၊ သင့်ကုမ္ပဏီအတွက် Logo မပြုလုပ်ခင် အရင် စဉ်းစားအဖြေထုတ်စေချင်ပါတယ်။
အချို့က Logo ကို ချစ်စရာကောင်းအောင် လုပ်ချင်ကြတယ်။ Logo ကို သင်အမြဲ ထိုင်ကြည့်နေမှာလား။ ဒါမှမဟုတ် သင့်ရဲ့ Client တွေက Logo ကို လှလွန်းလို့ဆိုပြီး သင့်ကို လာ အလုပ်အပ်မှာလား။
Logo ကချစ်စရာလေးမလို့ဆိုပြီး သင်ပစ္စည်းကို ဝယ်သွားမှာ မဟုတ်ဘူးဆို Logo ဟာ တကယ့် Professional Designer ထံ အပ်စရာ မလိုတော့ဘူးလား။
ဒါက အတော် ဂွကျကျနိုင်ပါတယ်။ အချို့ Client အချို့ဆို သူကြိုက်တဲ့ အရောင်တွေ ဇွတ်အတင်း ထည့်ပြီး ဆွဲခိုင်းပါတယ်။ ကျနော့်အနေနဲ့ ရှင်းပြနိုင်တာကတော့ အစ်ကို ဒါ လိုဂို လုပ်နေတာ။ ဒီလိုဂိုဟာ အကို့ရဲ့ ကုန်ပစ္စည်းပေါ် ရောက်လာမှာ၊ ဆိုင်းဘုတ်ပေါ် ရောက်လာမှာ၊ မဂ္ဂဇင်းကြော်ငြာတွေပေါ် ရောက်လာမှာ။ အစ်ကို ခန္ဓာကိုယ်ပေါ် ရောက်လာမှာ မဟုတ်ဘူး။ အစ်ကို တစ်ယောက်တည်း ဝတ်မယ့် အဝတ်အစားကိုတော့ဖြင့် အစ်ကို ကြိုက်တဲ့ ကာလာ ရွေးဝတ်နိုင်ပါတယ်ပေါ့။ ထားပါ။
Logo တစ်ခုကို သင် ဘာအတွက် ဆွဲမှာလဲဆိုတာ အဖြေမရှိဘဲ Logo တစ်ခုတော့ သူများတွေလုပ်သလို လုပ်မယ်ဆိုပြီး လုပ်လိုက်ရုံနဲ့ Logo ဟာ Design ကောင်းတဲ့ Logo ဖြစ်စေ၊ ဒီဇိုင်း ညံ့တဲ့ Logo ဖြစ်စေ အဲဒီ Logo ဟာ ဘာမှ မထူးခြားလာနိုင်ပါဘူး။
ဒီအဆင့်မှာ ပထဆုံး မေးထားတဲ့ မေးခွန်းကို ဖြေရမှာက
logo is not your brand? ဆို Yes ပါပဲ။ သင်ကိုယ်တိုင် သူများတကာ လိုဂိုရှိတယ်။ ငါလည်းလိုတယ်လို့ အထင်နဲ့ Logo လုပ်လိုက်ရုံဆို Logo ဟာ သင့် Brand မဖြစ်လာနိုင်ပါဘူး။
ဒီလိုဆို သင့် Logo နဲ့ သင့် Brand ဟာ ဆိုင်သလားဆိုတဲ့ မေးခွန်းကို ပုံ(၁)မှာ ကြည့်ကြည့်ပါ မိတ်ဆွေ။
Logo တစ်ခုကို Brand Identify မလုပ်ဘဲ Logo ဟာ သင့်လုပ်ငန်းရဲ့ အောင်မြင်မှု၊ အဓွန့်ရှည်လျားမှု၊ အရည်အသွေး၊ ဝန်ဆောင်မှု အစရှိတာတွေကို ဘယ်လိုမှ ကိုယ်စားမပြုနိုင်ပါဘူး။
Logo တစ်ခုကို ဘယ်လို identify လုပ်မလဲဆိုရင်…
သင့် Logo ကို သင့်စိတ်ကြိုက် ရရှိပြီးတဲ့ နောက်ကစ၍ အမြဲတမ်း တန်ဖိုးထားပါ။ အခြေအနေတစ်ခုကြောင့် Logo ပြောင်းလဲရတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် Logo အဟောင်းကို ဘယ်တော့မှ Delete မလုပ်ပါနဲ့။ သင့်ရဲ့ Brand Histrory မှာ သုံးခဲ့သမျှ Logo တွေ ရှိနေပါစေ။
Logo မှာ သုံးထားသမျှ အရောင်တွေရဲ့ Code တွေ မှတ်ထားပါ။ Logo စအပ်ကတည်းက မည်သည့် Size၊ မည်သည့် ပရင်တာဖြင့် မဆို ထုတ်နိုင်ရန် Vector Graphic Format တစ်ခု ရှိပါစေ။ သင့်ရဲ့ Stationery စာရွက်စာတန်းတိုင်းမှာ Logo နဲ့ လိုက်ဖက်မယ့် Layout, Color တစ်ညီတည်း ရှိပါစေ။
ရုံးတွင်းစာရွက်မှသည် Client သို့ ဘာစာပို့ပို့ သင့်လိုဂို ပါပါစေ။ Email သုံးလျှင် Logo ကို Email Signature တွင် ထည့်ထားပါ။
သင့်ရဲ့ ဆိုင်းဘုတ်၊ သင့်ရဲ့ ရုံးခန်း၊ သင့်ရဲ့ ဆိုင်၊ သင့် စားပွဲ ဘယ်နေရာတွေမှာ လိုဂို ရှိဖို့ လိုအပ်သလဲ စဉ်းစားပါ။ ကြော်ငြာဆိုင်းဘုတ်တွေလုပ်လျှင် သင့် Logoဟာ ပေါ်လွင်နေပါစေ။
တစ်ဖက်မှာ သင့်ရဲ့ Product and Service Quality ကို အရည်အသွေးမြှင့်တင်ပြီး Client စိတ်ကြိုက် ဖြစ်လာတာနဲ့ အမျှ သင့် Logo ဟာ သင့်ရဲ့ Brand ဖြစ်လာပါလိမ့်မယ်။
Logo ကို ဘာကြောင့် Brand Identify လုပ်ပါသလဲ ဆိုရင်
သင့်လုပ်ငန်း၊ သင့်ကုန်ပစ္စည်း အရည်အသွေးမြှင့်တင်နိုင်လာလို့ သင့်လုပ်ငန်း အောင်မြင်လာပါလိမ့်မယ်။
Logo ကို နေရာတိုင်း မသုံးခဲ့လျှင်တော့ သင့်ရဲ့ စျေးကွက်အသစ်ကို ဖြန့်ချီတိုင်း သင် ကုန်ပစ္စည်း ဘယ်လိုကောင်းပါတယ်။ ဘာနဲ့ လုပ်ပါတယ်။ ဘယ်လောက်ခံပါတယ်ကို အများကြီး ရှင်းပြရပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ သင်ကိုယ်တိုင် သင့် Logo ကို ပစ်ထားခဲ့လို့ပါ။
အမှန်ခြစ်လေး ကို မြင်တာနဲ့ သင်သိပါလိမ့်မယ်။ Nike လို့ စာတောင် မလိုပါ။ Quality ကောင်းတယ်နော်လို့ ခင်ဗျားကို သူတို့ ရှင်းမပြတော့ပါ။ အမှန်ခြစ်လေး ပြလိုက်ရင် ရပါပြီ။
အဲတော့ သင့်လုပ်ငန်းနဲ့ အတူ သင့် Logo ကို ပါ လူတွေ မှတ်မိနေအောင် လုပ်ပါ။
အဲဒီအခါ Logo is your brand ဖြစ်လာပါလိမ့်မယ် ခင်ဗျာ ။
Sithu Myint Mg Mg