မြန်မာမှု ကနုတ်တွေကို လိုဂို လုပ်လို့ ရသလား
ဒီအချက်ကို ကျနော် ခဏတိုင်းတွေးခဲ့ဖူးသလို ကနုတ်ကို Logo မှာ Apply လုပ်လို့ ရ၊ မရဆိုတာ ခဏတိုင်းလည်း ကြိုးစားခဲ့ဖူးပါတယ်။ မြန်မာမှု ကနုတ်ဆိုကတည်းက ဘယ်ခေတ်က ကနုတ်လဲ ဆိုတာ ပြန်မေးရပါလိမ့်မယ်။ တစ်ခေတ်တည်းမှာတင် ကနုတ်လက်ရာ ဟန်တွေ မတူတာ၊ ရောထွေး အသုံးချခဲ့တာတွေလည်း အများကြီး။ ပိုဆိုးတာက ထိုင်းက floral pattern တွေကို မြန်မာမှု ကနုတ်ဆိုပြီး လုပ်နေသူတွေလည်း မနည်းမနောပါပဲ။မြန်မာ၊ ဗမာ လို့ ဆိုလိုက်တာနဲ့ ကျနော်တို့ ယဉ်ကျေးမှုဟာ တရုတ်နဲ့ အိန္ဒိယနဲ့ ဘယ်တော့မှ မကင်းပါ။ သူတို့ဆီက ယဉ်ကျေးမှုတွေကို လိုတာ ထပ်ထည့်၊ မလိုတာ ဖြုတ်ပြီး ပုဂံခေတ်ကတည်းက ဗမာမှု ပြုလာတာပါ။ ထားပါတော့။ကနုတ်ဆိုတာ အသေးစိတ် လုပ်ရတဲ့ အရာတစ်ခုပါ။ Logo ဆိုတာက ရိုးရှင်းမှုကို သွားရတဲ့ အရာတစ်ခုပါ။ ကနုတ်နဲ့ Logo ဟာ ပြောင်းပြန် အချိုးကျနေပါတယ်။ Minimal သွားရမယ့် အရာတစ်ခုကို အသေးစိတ်သွားရမယ့် ကနုတ်တွေထည့် လိုဂိုဆွဲပြီး မြန်မာဆန်တယ်၊ ဗမာဆန်တယ် ပြောကြတယ်။ တကယ့် မြန်မာမှု ကနုတ်ဆိုရင်တော့ မြန်မာဆန်၊ ဗမာဆန်ပါလိမ့်မယ်။ ဒါပေမယ့် လိုဂိုရော ဆန်ရဲ့လား ပြန်တွေးဖို့ လိုပါတယ်။Logo ရဲ့ Mission ဟာ မှတ်မိဖို့ပါ။ မြန်မာ့ ကနုတ်တွေရဲ့ Mission က အနုပညာဆန်ခြင်း၊ Traditional and Historical ကို ပြနိုင်ခြင်း၊ Pattern Base ဖြစ်ခြင်း တွေပါ။ Architecture တွေမှာ ခန့်ညားထည်ဝါမှုတွေကို ကနုတ်တွေက ပေးနိုင်ပေမယ့် Logo မှာ ကနုတ်ကို သုံးတော့မယ်ဆိုလည်း အစိတ်အပိုင်းနည်းနည်းလေး၊ ဟန်လေးကိုပဲ ယူမှ ရပါလိမ့်မယ်။ ခုတော့ အတုံးလိုက်၊ အတစ်လိုက် ကနုတ်ပန်းခက်တွေကို လိုဂို လုပ်နေကြတာ မြင်ရပါ များလာလို့ပါ။ ခင်ဗျားတို့ လိုဂိုဆွဲပေးနေတဲ့ Business က ပုဂံခေတ်က လူတွေကို Time travel နဲ့ ပြန်သွားပြီး ရောင်းမယ်ဆိုရင်တော့ ကျနော်လည်း မပြောလိုပါဘူး ခင်ဗျာ။( My Personal အမြင်သက်သက်ပါ။ သင်ကြားတာ မဟုတ်ပါ။ လက်ခံချင်မှ လက်ခံနိုင်ပါတယ်။ )
Sithu Myint Mg Mg
Yangon Pro & Design Story.