logo

Category : color

07 Feb 2019

အရောင်တွေ အကြောင်း ၁

သဘာဝတရား တစ်ခုလုံးမှာ အရောင် အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဘယ်လောက်အရေအတွက် ရှိတယ်လို့ သင်ထင်ပါသလဲ။ အတိအကျ ပြောရမယ်ဆို 18,000,000,000,000,000,000,000,000,000,000,000 ရှိပါတယ်။ 18 decillion လို့ ခေါ်လို့ ရပါတယ်။ ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ မြင်နိုင်စွမ်းအားဟာ ပျမ်းမျှ 10 million ပဲ ရှိပါတယ်။ ကျနော်တို့ မျက်လုံးနဲ့ မြင်နိုင်စွမ်းအားထက် အဆပေါင်းများစွာ ရှိနေတဲ့ အရောင်တွေဟာ စိတ်ဝင်စားစရာ မကောင်းဘူးလားဗျာ။ မိတ်ဆွေ ကြည့်နေတဲ့ ကွန်ပျူတာဟာ အရောင်ဘယ်လောက်ကို ထုတ်ပြနိုင်တယ် ထင်ပါသလဲ။ အရောင်ပေါင်း 16.8 million အထိ ဖေါ်ပြနိုင်ပါတယ်။ ရှေးဟောင်း ပုံနှိမ်စက်တွေဟာ အရောင် ထောင်ပိုင်းမျှ ပရင့် ထုတ်နိုင်ကြပြီး ဒီ့နေ့ခေတ် ပရင်တာတွေကတော့ သိန်းနဲ့ ချီ ထုတ်လာနိုင်ကြပါတယ်။ အဲလောက် များပြားလှတဲ့ အရောင်တွေ က ဘယ်က စတယ်လို့ သင်ထင်ပါသလဲ။ အရောင်တွေရဲ့ ဂုဏ်သတ္တိဟာ အလင်းက အကြောင်းတရား ဖြစ်ပါတယ်။ အိုင်စက် နယူတန်ရဲ့  နိယာမက စတင် တွေ့ရှိမှု ဖြစ်ပါတယ်။ သုံးမြှောင့်ဖန်တုံး တစ်တုံးကို အလင်းဝင်လာတဲ့ အခါ အရောင် ခုနှစ်ခု […]