logo

၂၀၁၉ မှာ Design Trend တွေ ဘာတွေ ပြောင်းလဲလာလိမ့်မလဲ

၂၀၁၉ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းတွေ၊ Design Team တွေက ဘယ်လို Design တွေကို ပို အသုံးပြုလာကြမလဲ? ဘယ်လို Design တွေကို ဖယ်ရှားလာကြမလဲဆိုတာ စိတ်ဝင်စားစရာ မကောင်းဘူးလားဗျာ။ ကဲ… လေ့လာကြည့်လိုက်ရအောင်။

၂၀၁၈ ခုနှစ်မှာ လူတွေဟာ အရင်ကထက် အင်တာနက်တွေ၊ Social Media တွေကို ပို အသုံးပြုလာကြတာ သင်သတိထားမှာ သေချာပါတယ်။ ဒါပေမယ့်လည်း သင် သတိမထားမိသေးတဲ့ တစ်ချက်ကတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေဟာ Social Media ပေါ်ကို Selfie ပုံတွေ၊ ခရီးသွား ပုံတွေ၊ မုန့်စားနေတဲ့ ပုံတွေ အစရှိတဲ့ ဓာတ်ပုံတွေ တင်နေကြပါတယ်။ တစ်ရက်ကို ဓာတ်ပုံပေါင်း ဘယ်လောက်ရှိမယ် ထင်ပါသလဲ။ Social Media လို့ ခေါ်တဲ့ Website တွေပေါ်ကို လူတွေဟာ တစ်ရက် ပုံပေါင်း ၁၂ ဘီလီယံ ပတ်ဝန်းကျင် အထိ တင်နေကြပါသတဲ့။

ဒီတော့ စဉ်းစားစရာကဖြစ်လာပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေ၊ သူတို့ရဲ့ ကြော်ငြာတွေကို social media ပေါ်မှာ ကြော်ငြာတဲ့အခါ အဲဒီ များပြားလှတဲ့ ဓာတ်ပုံတွေ ကြားမှာ သူတို့ ကြော်ငြာတွေဟာ အရင်လို Design တွေနဲ့တော့ မရတော့ဘူးလို့ မှန်းဆလာကြပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ မှာ ဘယ်လို Design တွေက ပိုများလာနိုင်မလဲ ကြည့်ကြရအောင်လား။

၁။ ပုံမှန် သမားရိုးကျ Layout Design တွေထက် De-familiarize လို့ ခေါ်တဲ့ Layout တွေက ပိုပြီး အောင်မြင်လာပါလိမ့်မယ်။

ကျနော်တို့ မြင်တွေ့နေကျ သတင်းစာတွေ၊ မဂ္ဂဇင်းတွေမှာ standard သတ်မှတ်ထားတဲ့ Layout တွေ၊ Column တွေကို ထပ်ပြီး အသုံးပြုနေရင်တော့ သင့် Layout ဒီဇိုင်းဟာ ၂၀၁၉ အတွက် မဖြစ်နိုင်တော့ပါဘူး။ De-familiarize Layout (ဥပမာ အောက်က ပုံ) တွေက ပိုပြီး လူတွေကို ဆွဲဆောင်နိုင်လာပါလိမ့်မယ်။

၂။ ကာလာတွေကို အသုံးပြပုံတာ ပြောင်းလဲ လာပါလိမ့်မယ်။

အဆိုတစ်ခုရှိပါတယ်။ ပုံစံအဟောင်းဟာ အမြဲတမ်း ပုံစံ အသစ် ပြန်ဖြစ်ပါသတဲ့။ အဲဒါဟာ ဘာအဓိပ္ပါယ်လဲဆိုတော့ ဒီဇိုင်းတွေ ခေတ်စားခါစက အရောင်စုံတွေ၊ Gradient လို့ ခေါ်တဲ့ အရောင်တစ်ခုနဲ့ တစ်ခု ရောနှောထားတာတွေကို အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ Solid Color တွေကိုသာ ပြောင်းသုံးခဲ့ကြပါတယ်။ ဥပမာ ဖုန်းတွေဆိုရင် အနက်ရောင်၊ အဖြူရောင်၊ ရွှေရောင် တစ်ရောင်ရောင်ကိုသာ အသုံးပြုလာတာမျိုးပါ။ ဒါပေမယ့်လည်း ၂၀၁၉ မှာ အရင်တုန်းက ခေတ်စားခဲ့တဲ့ Gradient တွေကို ပြန်သုံးလာလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ၂၀၁၈ အောက်တိုဘာလမှာ ပြပွဲ လုပ်ခဲ့တဲ့ ကမ္ဘာကျော် Brand တစ်ခု ဖြစ်တဲ့ Apple တောင် သူ့လိုဂိုကို အရောင်စုံတွေနဲ့ စမ်းသပ်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။


 

၃။ Light and Color Effect တွေကို ပိုအသုံးပြုလာပါလိမ့်မယ်။

ဒီအချက်ကလည်း အတူတူပါပဲ။ ဓာတ်ပုံတွေ၊ ဒီဇိုင်းတွေကို Lens Flare တွေ၊ အလင်းရောင်တွေ၊ ကာလာစုံတွေနဲ့ Editing လုပ်လာကြပါလိမ့်မယ်။

 

၎။ သတ္ထုအမျိုးအစားတွေကို Product ထုတ်ကုန်တွေမှာ Material အဖြစ် ပိုသုံးလာကြလိမ့်မယ်။

သံတွေ၊ စက္ကူတွေ အစရှိတဲ့ အလင်းမပြန်နိုင်တဲ့ ပစ္စည်းတွေအစား အလင်းပြန်နိုင်တဲ့ သတ္ထုတွေ၊ မှန်တွေဟာ Material လောကမှာ ပိုခေတ်စားလာနိုင်ပါတယ်။ အရင်တုန်းက Phone တွေဟာ သံနဲ့ လုပ်ခဲ့ပေမယ့် ခုနောက်ပိုင်းမှာ အလင်းပြန်နိုင်တဲ့ Material တွေ သုံးလာတာ၊ မှန်တွေ သုံးလာတာ သင် သတိထားမိမယ် ထင်ပါတယ်။ ၂၀၁၉ မှာ Metal ကို အသုံးပြုမှုဟာ ပိုများလာနိုင်ပါတယ်။

 

၅။ စာလုံး Font တွေဟာ Bold ဖြစ်တဲ့ Sans Serif Font တွေကို ပိုသုံးလာမယ်လို့ ဆိုပါတယ်။

 

၆။ ငြိမ်နေတဲ့ ဓာတ်ပုံတွေ အစား လုပ်ရှားနေတဲ့ ပုံ Gif တွေ ကို Design အဖြစ် ပြောင်းလဲလာနိုင်ပါတယ်။

၇။ ထူးဆန်းတာကတော့ ရိုးရှင်းမှု Simplicity ဟာ ၂၀၁၉ မှာလည်း လိုအပ်နေပါဦးမယ်။

ကဲ ဒီလောက်ဆိုရင် ၂၀၁၉ မှာ သင့် ကြော်ငြာ ဒီဇိုင်းတွေကို ခေတ်နဲ့ အညီ ဘယ်လို ရေးဆွဲ ကြော်ငြာကြမလဲ ကြိုတင် စဉ်းစားထားနိုင်ပြီလို့ မျှော်လင့်ပါတယ်။

 

စည်သူ

Founder of Yangon Pro

Leave a reply

Your email address will not be published. Required fields are marked *