logo

အရောင်တွေ အကြောင်း ၁

သဘာဝတရား တစ်ခုလုံးမှာ အရောင် အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ရှိပါတယ်။ ဘယ်လောက်အရေအတွက် ရှိတယ်လို့ သင်ထင်ပါသလဲ။

အတိအကျ ပြောရမယ်ဆို 18,000,000,000,000,000,000,000,000,000,000,000 ရှိပါတယ်။ 18 decillion လို့ ခေါ်လို့ ရပါတယ်။ ဒါပေမယ့်လည်း လူတစ်ယောက်ရဲ့ မြင်နိုင်စွမ်းအားဟာ ပျမ်းမျှ 10 million ပဲ ရှိပါတယ်။ ကျနော်တို့ မျက်လုံးနဲ့ မြင်နိုင်စွမ်းအားထက် အဆပေါင်းများစွာ ရှိနေတဲ့ အရောင်တွေဟာ စိတ်ဝင်စားစရာ မကောင်းဘူးလားဗျာ။

မိတ်ဆွေ ကြည့်နေတဲ့ ကွန်ပျူတာဟာ အရောင်ဘယ်လောက်ကို ထုတ်ပြနိုင်တယ် ထင်ပါသလဲ။ အရောင်ပေါင်း 16.8 million အထိ ဖေါ်ပြနိုင်ပါတယ်။ ရှေးဟောင်း ပုံနှိမ်စက်တွေဟာ အရောင် ထောင်ပိုင်းမျှ ပရင့် ထုတ်နိုင်ကြပြီး ဒီ့နေ့ခေတ် ပရင်တာတွေကတော့ သိန်းနဲ့ ချီ ထုတ်လာနိုင်ကြပါတယ်။

အဲလောက် များပြားလှတဲ့ အရောင်တွေ က ဘယ်က စတယ်လို့ သင်ထင်ပါသလဲ။ အရောင်တွေရဲ့ ဂုဏ်သတ္တိဟာ အလင်းက အကြောင်းတရား ဖြစ်ပါတယ်။ အိုင်စက် နယူတန်ရဲ့  နိယာမက စတင် တွေ့ရှိမှု ဖြစ်ပါတယ်။ သုံးမြှောင့်ဖန်တုံး တစ်တုံးကို အလင်းဝင်လာတဲ့ အခါ အရောင် ခုနှစ်ခု ထွက်လာတာကို အခြေခံပြီး အရောင်တွေဟာ အလင်းက စတင်ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။

SRGB လို့ ခေါ်တဲ့ ကွန်ပျူတာ စနစ်ဟာ လူတွေရဲ့ မြင်နိုင်စွမ်း ၁၀သန်း ထက် ကျော်လွန်ပြီး ၁၆.၈ သန်းအထိ ဘာကြောင့် ထွင်ထားတာလဲဆိုတာက ဒီနေ့ခေတ် လူတွေရဲ့ နည်းပညာဟာ လူတွေရဲ့ ability ကို ကျော်လွန်ပြီး ဖန်တီးတယ်ဆိုတဲ့ သက်သေ တစ်ခုပါပဲ။

အရောင်တွေကို ကျနောတို့ မျက်လုံးက မြင်နေရသလို မမြင်နိုင်တဲ့ လူတွေ၊ သတ္တ၀ါတွေ အများကြီး ရှိပါသေးတယ်။ ခွေးတွေဟာ အဝါ နဲ့ အပြာကိုသာ မြင်ရတဲ့ dichromatic vision ရှိကြပါတယ်။
လူတွေမှာလည်း အချို့ အဲလို ရှိကြပါတယ်။ ဥပမာ ယခု FB founder ဇူကာဘတ်ဆို Red-Green Color Blind ဖြစ်ပြီး အပြာရောင်သာ မြင်ရတာမို့ FB ကို အပြာသုံးထားတာ ဖြစ်ပါတယ်။

သာမန် လူတစ်ယောက်ရဲ့ အမြင်ကိုတော့ trichromatic လို့ ခေါ်ပါတယ်။

ဒီဇိုင်းစ လေ့လာဖူးတဲ့ ၂၀၀၀ ခုနှစ်လောက်က ဒါတွေ မသိခင် ကိုယ်ဟာ sky blue အရောင်ရအောင် အသည်းအသန် ကြိုးစားဖူးပါတယ်။ ကိုယ် pick up လုပ်ထားတဲ့ အရောင်နဲ့ တကယ် အပြင်မှာ မြင်ရတဲ့ ပြာလဲ့နေတဲ့ ကောင်းကင်ဟာ ဘယ်လိုမှ မတူနိုင်ပါ။ အရောင်တွေ ဘာကြောင့် ကွဲသလဲဆိုတာ light source ကြောင့် ကွဲပါတယ်။ captured ability ကြောင့် ကွဲပါတယ်။ ]

မျက်လုံးက မြင်တဲ့ အရောင်ကို ခုချိန်မှာ ကွန်ပျူတာက ဖေါ်ပြနိုင်တဲ့ အပြင် ပိုပြီး ဖေါ်ပြနိုင်အောင် ဖန်တီးခဲ့တာက ဘာကြောင့်လဲဆိုတော့ စိတ်က ခံစားရတဲ့  အရောင်ကို ပြနိုင်အောင်လို့ ဖြစ်ပါတယ်။

အရောင်တွေဟာ ထူးဆန်းပါတယ်။ အရောင်တွေရဲ့ မာယာ အရောင်တွေရဲ့ ခေါ်ဆောင်ရာ အရောင်တွေရဲ့ အနုပညာမှာ ဒီဇိုင်နာတစ်ယောက် ပီပီ အမြဲလိုလို ခံစားသက်ဝင်လေ့ ရှိသလို အမြဲလိုလို လက်တွေ့ကျကျ ခွဲခြမ်းစိတ်ဖြာ လေ့လာလေ့ ရှိ

Leave a reply

Your email address will not be published. Required fields are marked *